
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ တွင်ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုင်းတင်အောင်သိန်းက “ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူး များက သက်ဆိုင်ရာကဏ္ဍအလိုက် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး ဆွေးနွေးပွဲ တက်ရောက်လာသော လုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းခြင်းအပေါ် သက်ဆိုင်ရာဌာန အလိုက် ပြန်လည်ဖြေကြားခဲ့ကြပါသည်။
