ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၅ ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၅/၂၀၂၅ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် မတည်ငွေရင်းပမာဏတိုးမြှင့်ခြင်း၊ တည်ဆောက်ရေး ကာလ တိုးမြှင့်ခြင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည့်ကုမ္ပဏီအမည်ပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း အမျိုးအစားပြင်ဆင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသည့်အရပ်ဒေသပြောင်းလဲခြင်းလုပ်ငန်း ၆ ခုကို အတည်ပြုပေးနိုင်ခဲ့ပါသည်။