
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ၁၉ ရက်နေနှင့် ၂၁ ရက်နေ့များတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်၊ ကော့သောင်းနှင့် မြိတ်ခရိုင်တို့သို့ သွားရောက်၍ ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ထိတွေ့ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ညွှန်ကြားရေးမှူးချုပ်က ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မိရိုးဖလာ စီးပွားရေး စနစ်ဖြင့် ဆောင်ရွက်နေကြသည့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့နှင့်အညီ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့် တင်၍ လုပ်ကိုင်ဆောင်ရွက် ခြင်းအားဖြင့် ဥပဒေပါ အကျိုးခံစားခွင့်များကို ရရှိခံစားပြီး လုပ်ငန်းများ ကြီးထွားလာရန် ရည်ရွယ်ပါကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်ရန် မျှော်မှန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါ သည်။
ဆွေးနွေးပွဲများအပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ တာဝန် ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကုမ္ပဏီရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်တွေ့ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို အားပေးကူညီကာ လက်ရှိ လုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ပါသည်။


