
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းအား လုပ်ငန်းတည်နေရာတိုးချဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက်နေသည့် လုပ်ငန်း (၂) ခုတို့အတွက် တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းတို့အား ဆက်စပ်သည့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။