
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့်ဌာန၊ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ရေစိုခံပလတ် စတစ်မိုးကာထုတ် လုပ်ခြင်းလုပ်ငန်းနှင့် ကော်ဖီနှင့် လက်ဖက်ခြောက်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၃၁၀၂.၀၄၄ သန်းနှင့် အမေရိကန်ဒေါ်လာ ၀.၆၅၂ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၁၈ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များအနေဖြင့် မတည်ရင်းနှီးငွေ တိုးမြှင့်ခွင့် လုပ်ငန်း (၁) ခု၊ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် လုပ်ငန်း ၂ တို့၏ တင်ပြချက်များ ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

