
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများထံမှတင်ပြလာသည့် အတည်ပြုမိန့် လျှောက် ထားလွှာများကို စိစစ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုလျှောက်ထားလွှာတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
