
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ ပြည်တွင်းမှ ရာဘာသစ်ကုန်ကြမ်းကို ရယူပြီး ရာဘာသားထုတ်လုပ်၍ ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်းလုပ်ငန်း၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် မော်တော်ယာဥ်အမျိုးမျိုးကို (SKD) စနစ်ဖြင့် တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် မော်တော်ယာဥ်ကိုယ်ထည် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
