ကွင်းဆင်းကြည့်ရှုခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊  CMP စနစ်ဖြင့် Modern Furniture ထုတ်လုပ်ခြင်းလုပ်ငန်း၊ တန်ဖိုးမြှင့် ရာဘာကုန်ကြမ်းများ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း  အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း ၁၀၀% ရောင်းချခြင်းလုပ်ငန်းနှင့် စက္ကူအခြေခံ ထုတ်ပိုးပစ္စည်း အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း ၁၀၀% ရောင်းချခြင်းနှင့် ပုံနှိပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။