ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  ဆွေးနွေးခဲ့ကြပါသည်။