
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဝန်ဆောင်မှုဏ္ဍ၌ အတည်ပြုမိန့်လုပ်ငန်း (၂) ခုကို စိစစ်ခွင့်ပြု ခဲ့ကြပြီး အဆိုပါလုပ်ငန်း (၂) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း (၁၁,၇၉၆.၂၄၃) နှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၇) ခုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက် ရှမ်းပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၉) ခု၊ အမေရိကန်ဒေါ်လာ (၁၀၀.၈၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၆) ခု၊ ကျပ် (၁,၆၇၇,၁၅၅.၈၈၃) သန်းကို စိစစ်ခွင့်ပြုနိုင်ခဲ့ခြင်းကို ကော်မတီအစည်းအဝေးတွင် မှတ်တမ်းတင်ရန် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

