
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) မြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ SKD စနစ်ဖြင့် သုံးဘီးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း နှင့် ဂျပ်ဖာများထုတ်လုပ်၍ ၁၀၀% ပြည်တွင်းရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီတို့ ၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
