ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ၏ လုပ်ငန်းပြန်လည် လည်ပတ်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် မြေပြင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာ သတ္တုများကိုသန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိထားသည့် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။