ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် စတင်အသက်ဝင်ခြင်း

Print Friendly, PDF & Email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချုပ်ဆိုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်သည် သဘောတူစာချုပ်၏ အပိုဒ် ၁၈ (စာချုပ်အသက်ဝင်ခြင်း၊ သက်တမ်းနှင့် ရပ်စဲခြင်း) ၏ အပိုဒ်ခွဲ (၁) အရ ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။