
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရယူကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တွင် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သွားရောက်ကွင်းဆင်းခဲ့ပါသည်။
အဆိုပါအဖွဲ့သည် စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့်လုပ်ငန်းနှင့် စီးပွားဖြစ် ထုတ်လုပ်လည်ပတ်လျက်ရှိသည့်လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ (Version 5.0) အား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။