
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် Myanmar Companies Online (MyCO) စနစ်အသုံးပြုပုံနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူဦးရေ ၂၀ ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော်က MyCO အကြောင်း သိကောင်းစရာများ၊ MyCO Website တွင် ဌာဆိုင်ရာများအနေဖြင့် သိရှိလိုသည့်ကုမ္ပဏီများနှင့် ၎င်းတို့၏အချက်အလက်များ စိစစ်ထုတ်ယူနိုင်ပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
