
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် Contract Processing System နှင့် Normal System စနစ် (၂) မျိုးဖြင့် တန်ဖိုးမြှင့် ရေချို၊ ရေငန်ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်ခြင်း၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ပုစွန်နှင့် ငါးမျိုးစုံ ဘလောက်တုံးများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့် အခြေ အနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
