
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၏ တည်ဆောက် ရေးကာလတိုးမြှင့်ခွင့်အပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စက်မှုလုပ်ငန်း (၂)ခု၏ အတည်ပြု လျှောက်ထားလွှာများကို ခွင့်ပြုခဲ့ပါသည်။ အတည်ပြုမိန့် ရရှိခဲ့သည့် လုပ်ငန်း(၂)ခု၏ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ကျပ် ၄၃၆၈.၄၁၁ သန်း ဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင် အခွင့်အလမ်း ၃၁၉ နေရာကိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
