
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှည်းကူး မြို့နယ်ရှိ CMP စနစ်ဖြင့် အထည်နှင့် အတွင်းခံအမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော စက်ရုံနှင့် မင်္ဂလာဒုံမြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ် ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် အခြေအနေ၊ ကနဦးကုန်ကြမ်း တင်သွင်းမည့်အခြေအနေ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။