
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၂၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၆,၀၀၀.၀၀၀ သန်း နှင့် အမေရိကန်ဒေါ်လာ ၁၀.၅၅၄ သန်း ဖြစ်ပြီး စုစုပေါင်းလုပ်ငန်း(၁၀)ခုတို့မှ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၄,၃၂၂ ဦးဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် ကုမ္ပဏီများက တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် မတည်ငွေရင်း ပမာဏအမေရိကန် ဒေါ်လာ ၁.၇၀၂ သန်း တိုးမြှင့်ခွင့်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။