
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အာဆီယံ – ဂျပန်စင်တာ၏ ရန်ပုံငွေဖြင့် ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးမှုဌာနက “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အတွက် အစိုးရ – ပုဂ္ဂလိက စကားဝိုင်းဆွေးနွေးပွဲနှင့် ပုဂ္ဂလိကကဏ္ဍအချင်းချင်းစီးပွားရေး ချိတ်ဆက်ပွဲ” အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁:၀၀ နာရီတွင်အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာအခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစိုးရ – ပုဂ္ဂလိကစကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်စောသက်စုဝင်းက ဦးစားပေးဖိတ်ခေါ်လိုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများဖြစ်သော ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းနှင့် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ် ခြင်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများစသည့် လုပ်ငန်း ၄ မျိုးနှင့်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာသတင်းအချက်အလက်များကိုလည်းကောင်း ပုဂ္ဂလိကကဏ္ဍက ရှင်းလင်းစွာသိရှိ စေရန်အတွက်Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြပြီးနောက် တက်ရောက် သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက ဖော်ပြပါလုပ်ငန်းကဏ္ဍ ၄ ခုဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်းသည့် မေးမြန်းမှုများအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးမှုဌာနမှ အရာထမ်းများက တိုက်ရိုက်ဖြေကြား ဆွေးနွေးပေးခဲ့ပါသည်။



ထို့နောက် ပုဂ္ဂလိကကဏ္ဍအချင်းချင်း စီးပွားရေးချိတ်ဆက်ပွဲကို ကျင်းပရာစိတ်ဝင်စား သည့်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများအလိုက် တက်ရောက်လာသည့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးမှုဌာနမှ အရာထမ်းများ၏ ပံပိုးကူညီမှုဖြင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ ၃:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ စီးပွားရေးသံမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ ရင်းနှီး မြှုပ်နှံသူများ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် သက်ဆိုင်ရာ အရာထမ်းများ စုစုပေါင်း ၁၉၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

