
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

သီရိလင်္ကာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ ကိုလံဘိုမြို့ရှိ Gafoor Building တွင် ရင်းနှီးမြှုပ်နှံနိုင်ပြီဖြစ်ပါသည်။
Gafoor Building သည် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် ကိုလံဘိုမြို့တွင်တည်ရှိပြီး အဆိုပါအဆောက်အဦးတွင် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စားသောက်ဆိုင်၊ အာရှစားသောက်ဆိုင်၊ Spa နှင့် ကျန်းမာရေးစင်တာများ ပါရှိသည့်အတွက် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် Request for Proposal (RFP) ကို https://www.watersedge.lk/gafoor/ တွင် အမေရိကန်ဒေါ်လာ (၁၀၀) ဖြင့်ရယူကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

