
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသောစက်ရုံသို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
အဆိုပါအဖွဲ့သည် စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်း၏ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့်အချက်များ (Version 5.0) အား လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။