
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာကျွေးမွေးခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
နံနက်ပိုင်းတွင် ဟောပြောပွဲအခမ်းအနားကို Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟောပြောသူများမှ “ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခြင်း သမိုင်းကြောင်းနှင့်စပ်လျဉ်းသည့် သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် ဝန်ထမ်းများနှင့်အတူ တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာကို ဆက်လက်ကျင်းပခဲ့ကြပါသည်။


တိုင်းရင်းသားရိုးရာအစားအစာ စတုဒီသာကျွေးမွေးပွဲတွင် ကချင်ရိုးရာအစားအစာ ဆီပါ (ဟင်း)၊ စပီ(ခေါင်ရည်)၊ ကယားရိုးရာအစားအစာ ၊ ကယားဝက်အူချောင်းနှင့် ခေါင်ရည်၊ ကရင်ရိုးရာအစားအစာ ကရင်ကြက်သားသုပ်၊ ချင်းရိုးရာအစားအစာ ဆာဘူးသီး၊ မွန်ရိုးရာအစားအစာ ငါးနုပ်ဟင်းချို၊ ကျောက်ပွင့်မွန်သုပ်၊ ရေးဒူးရင်းယို၊ ရခိုင်ရိုးရာအစားအစာ ရခိုင်မုန့်တီ (အရည်)၊ ပဲကြာဇံ(အသုပ်)၊ ရှမ်းရိုးရာအစားအစာ ရှမ်းငါးထမင်းနယ်၊ ရှမ်းဟင်းထုပ်၊ ဗမာရိုးရာအစားအစာ မုန့်လင်မယား၊ ဘိန်းမုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။



