စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကွင်းဆင်းခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွတ်ချောသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

အဆိုပါအဖွဲ့သည် စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ (Version 5.0) အား လိုက်နာ‌ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။