
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွတ်ချောသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
အဆိုပါအဖွဲ့သည် စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ (Version 5.0) အား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။