
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
POSTED ON 21 DECEMBER 2022

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ငါးဈေးတည်ဆောက် ၍ဆိုင်ခန်းများငှားရမ်းခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းနှင့် ရေထွက်ပစ္စည်းများအေးခဲ၍ ပြည်တွင်း၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းလုပ်ငန်းတို့၏ အတည်ပြုမိန့်လျှောက်ထားလာခြင်းအပေါ် ခွင့်ပြုပေးနိုင်ရေး သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။