
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 14 DECEMBER 2022

“ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲ” အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပြည်နယ်ခန်းမ (လွိုင်ကော်မြို့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးက “ရေရှည်တည်တံ့သောလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက “ဘေးအန္တရာယ်ကင်းရှင်းပြီး အထွက်နှုန်းကောင်းသော သီးနှံများစိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “တန်ဖိုးမြင့်မွေးမြူရေးထုတ်ကုန်ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “အစုအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် စီးပွားရေးစီမံကိန်းရေးဆွဲနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသောလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များ၊ ဆောင်ရွက်လိုသည့် အခြေအနေများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။



