
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင် အပါအဝင် အဖွဲ့ဝင် (၇) ဦးနှင့် အထူးဖိတ် (၁) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ဘဏ္ဍာနှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု လျာထားချက်အခြေအနေ၊ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် Covid-19 Fund မှချေးငွေများ ပြန်လည်ပေးဆပ်မှုအခြေအနေ စသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။