
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 04 MAY 2023

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုက မတည်ငွေရင်းပမာဏ တိုးမြှင့်ခွင့် တင်ပြလာခြင်းအပေါ် အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ပြီး မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ Standard Operating Procedures (SOP) အား ကော်မတီဝင် များအားလုံး သိရှိနိုင်ရေး၊ SOP ပါ အချက်များ နှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စိစစ်နိုင်ရေး၊ ကွင်းဆင်းကြီးကြပ်ဝန်ဆောင်မှု ပေးနိုင်ရေး ရှင်းလင်းတင်ပြခဲ့ပါသည်။
