
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဦးစီးဌာနရှိ ဝန်ထမ်းများ စာရင်းအင်းအချက်အလက်များ ကောက်ယူမှု၊ သုံးသပ်မှုနှင့် အစီရင်ခံစာများ ရေးသားရာ၌ စာရင်းအင်းဆိုင်ရာ ခေတ်မီနည်းပညာများကို စနစ်တကျ အသုံးပြုနိုင်ရေးရည်ရွယ်၍ အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ဦးဆောင်ကာ ဗဟိုစာရင်းအင်းအဖွဲ့မှ နည်းပညာပံ့ပိုးပေးမှုအရ သင်တန်းဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းဖွင့်လှစ်ပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၀၉ : ၃၀ နာရီမှ နေ့လည် ၁၂ : ၃၀ နာရီထိ Video Conferencing စနစ်ဖြင့် လုပ်ငန်းခွင်မပျက် သင်ကြား ပို့ချသွားမည် ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဦးစီးဌာန(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ သင်တန်းသား ၄၄ ဦး၊ ပင်စင်ဦးစီးဌာနမှ သင်တန်းသား ၂ ဦး ၊ စုစုပေါင်း သင်တန်းသား ၄၆ ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။