
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေရန်နှင့် ခိုင်မာအားကောင်းသည့် စီးပွားရေးဝန်းကျင် ဖြစ်ပေါ်လာစေရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေဆိုင်ရာအသိပညာမျှဝေဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဌာနဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံ သူလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၉၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။



