
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှု ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြု ပေးခဲ့သည့် လုပ်ငန်းမှာ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၁၀၀ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၀၂ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီ (၁၁) ခုက အစည်းအဝေးတွင် တင်ပြလာသည့် အထွေထွေ ကိစ္စရပ်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။
