
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းနှင့် ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသည့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများ ထုတ်လုပ်မှုလုပ်ငန်းတို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။