စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုကွင်းဆင်းကြည့်ရှုအားပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျာ းကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ CMP စနစ်ဖြင့် artificial jewellery ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်မည့် အခြေအနေ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။