
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော စစ်ဆေးရေးအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Zong Hong (Myanmar) Garment Company Limited၊ Golden KTK Company Limited၊ Myanmar Myanbag Industrial Company Limited နှင့် Myanmar Sakichi Garment Limited တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့နှင့်၊ ၂၉ ရက်နေ့ တို့တွင် video conferencing စနစ်ကို အသုံးပြု၍ တွေ့ဆုံခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့သည် စက်ရုံ၏ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြု လိုက်နာရမည့် အချက်များ (Version 4.0) (Version 4.1) (Version 5.0)တို့အား လိုက်နာ ဆောင်ရွက် ထားရှိမှု အခြေအနေကို video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။