
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေး၌ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ရေး လုပ်ထုံး လုပ်နည်းများအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အိမ်ယာ အဆောက်အဦတည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုပေး ခဲ့ပါသည်။

