
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ “Unboxing Investment Facilitation Toolkit 2022 ၏ လုပ်ငန်းစဉ်များနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online – MyCO) အသုံးပြုပုံနည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်အသင်း လုပ်ငန်းရှင်များ စုစုပေါင်းဦးရေ (၅၀)ဦး တက်ရောက်ခဲ့ကြြပီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးလေးနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး၊ ဦးဝင်းနိုင် တို့မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပါသည်။

