
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ပြည်နယ်ခန်းမ (လွိုင်ကော်မြို့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ခု မှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့် အမှာစကား ပြောကြားပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိရန် လိုအပ်သည့် အခြေခံအချက်အလက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးမေးမြန်းချက်ကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို (၁၁ ၃၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
