
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီ လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များက ဗီဒီယို ကွန်ဖရင့်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြှင့် ဆန်ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ ၁၄၄၄.၄၉ သန်း နှင့် အမေရိကန်ဒေါ်လာ ၃.၉၉၇ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း (၅) ခု တို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃၃၇၀ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၉) ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။