
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ Unboxing Investment Facilitation Toolkit 2022 ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြပါသည်။