
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသည် ရင်းနှီး မြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး အထောက်အကူပြုအွန်လိုင်း Tools များအား နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသို့ ရှင်းလင်းမိတ်ဆက်ခြင်း အခမ်းအနား “Unboxing Investment Facilitation Toolkit 2022″ နှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ချေးငွေထုတ်ယူခွင့်ရရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများ၊ တွေ့ဆုံမှုများကို Online မှတစ်ဆင့် လွယ်ကူစွာ ချိတ်ဆက်ကူညီပေးနိုင်ရန် ရည်ရွယ်ဖော်ဆောင်ထားသည့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution – DOSo) စနစ်၊ Standard Operating Procedures (SOPs) တစ်နေရာတည်း၌ အလုံးစုံဝန်ဆောင်မှုပေးခြင်း (OSS) စနစ်၊ DICA info Android Mobile application အကြောင်းတို့ကို မိတ်ဆက် ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ နေပြည်တော်အတွင်း ရုပ်ရှင်၊ ဂီတ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းရှင်များသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေခွင့်ပြုခြင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။