“PROFESSIONALISM IN PUBLIC SERVICE” နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများက အရည်အချင်း ပြည့်ဝစွာဖြင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က Professionalism in Public Service ခေါင်းစဉ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် “Virtual Meeting” ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း စုစုပေါင်း ၁၁၅ ဦးခန့် တက်ရောက်ခဲ့ပါသည်။