
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ဟီး ကျေးရွာအုပ်စုရှိ နိုင်ငံတကာ အရည်အသွေးမီ တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Myanmar Hone Htein Co., Ltd. သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သွားရောက်ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့ပါသည်။ ကြီးကြပ်ရေး အဖွဲ့သည် တည်ဆောက်ရေးကာလအတွင်း ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို စစ်ဆေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
