
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူး၍ အာဆီယံ-ဂျပန်စင်တာ၏ ASEAN National Activity 2019 လုပ်ငန်းဆိုင်ရာ ငွေကြေးအကူအညီနှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပို ရေးရှင်း (IFC) ၏ နည်းပညာ အကူအညီဖြင့် Investment Aftercare Services Strategies နှင့် Investment Agreement များ ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်းဆိုင်ရာ သင်တန်းကို ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ ( ၂ ) ရက်တာ ကျင်းပလျက် ရှိပါသည်။ အဆိုပါ သင်တန်းကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ၏ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး နောက်ပိုင်း ဆောင်ရွက်သည့် ကြီးကြပ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်နိုင်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချူပ်များ၏ အရေးပါပုံနှင့် ယင်းစာချုပ်များအရ ဖြစ်ပေါ်နိုင်သော အငြင်းပွားမှုများ အကြောင်း ကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း မှ ပုဂ္ဂလိက ကဏ္ဍကျွမ်းကျင်သူ ဦးသစ္စာတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း ပို့ချသူများက အပြည်ပြည် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များပါ အခြေခံ သဘောတရားများ၊ စေ့စပ်ညှိနှိုင်းခြင်း၊ အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်း၊ ရင်းနှီးမြှုပ်နှံပြီးနောက်ပိုင်း ကြီးကြပ်ထိန်းကျောင်းခြင်း ဆိုင်ရာ နည်းလမ်းများကို ဆွေးနွေး ပို့ချခဲ့ကြပါသည်။
အဆိုပါသင်တန်းကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးမှ အရာထမ်းဝန်ထမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းရေး အဖွဲ့ဖြစ် သည့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့မှ တာဝန်ရှိသူများမှ စုစုပေါင်း ( ၆၀ ) ဦး တက်ရောက်ခဲ့ပါသည်။
