
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar) နှင့် ထိုင်းနိုင်ငံ အသိအမှတ်ပြု ကုမ္ပဏီများအသင်း (Thai Listed Companies Association) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံသူများ အဓိကထား ရင်းနှီးမြှုပ်နှံသော ကဏ္ဍ (၅) ခု ဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဉီးစွာ Thai Business Association of Myanmar မှ ဉက္ကဋ္ဌ ဖြစ်သူ Mr. Sorasak Keeratichokechaikul မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်မှ “Insight Opportunities of five Key Investment Sectors” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ် ဆွေးနွေး နိုင်ခဲ့ပါ သည်။
