
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ၁.၈.၂၀၁၈ မှ ၁၅.၁.၂၀၂၀ ရက်နေ့ထိ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ စုစုပေါင်း ၆၇,၃၆၇ တွင် ကုမ္ပဏီ ၇,၆၃၇ သည် ဆိုင်းငံ့ (Suspended) အခြေအနေတွင် ရောက်ရှိ နေပါသည်။ သို့ဖြစ်ပါ၍ မိမိကုမ္ပဏီ၏ Company Status တွင် Suspended ဖြစ်/မဖြစ်ကို အမြန်ဆုံး စစ်ဆေးပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန် အသိပေး အပ်ပါသည်။
အဆိုပါဆိုင်းငံ့ ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ MyCO တွင် ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့် နေ့မှ ၆ လအတွင်း နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင် စာရင်းမှ ပယ် ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲဖော်ပြသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။
