ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး စီမံချက်ဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့၏ ပူးပေါင်းမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင်  ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေးစီမံချက်ဆိုင်ရာ အစည်းအဝေးကို ရန်ကုန်(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ စီမံချက်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ရေးဆွဲနေခြင်းဖြစ်ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးစိုးမြင့်အောင် ဉီးဆောင်၍ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် JICA မှ တာဝန်ရှိ ပုဂ္ဂိုလ်များ  စုစုပေါင်း(၂၀)ဉီး တက်ရောက်ခဲ့ကြပြီး တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။