ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ  ၂၇ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

အဆိုပါအစည်းအဝေးတွင် ဆွတ်ပိုင် ကုမ္ပဏီလီမိတက်မှ တင်ပြလာသော သဘာဝ အခြေခံ ဟိုတယ်နှင့်အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေး နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။