
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့် “KAIZEN for Institutional capacity Development” အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ် အကြံ ပြုခြင်း ဆိုင်ရာ အစည်းအဝေး (Wrap up meeting) ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ၏ကူညီပံ့ပိုးမှုဖြင့်၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရှေးဉီးစွာညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အမှာစကား ပြောကြားရာတွင် “လုပ်ငန်းခွင်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်၍ KAIZEN နည်းလမ်းများကို အသုံးပြုကာ ဖြေရှင်းသွားကြရန် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသားများက KAIZEN နည်းလမ်းကို အသုံးပြုကာ ဖြေရှင်းဆောင်ရွက်မည့် အခြေနေများအား powerpoint များဖြင့်ရှင်းလင်း တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက လမ်းညွှန်မှု မှတ်ချက်များပေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အရာထမ်းများနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။
