
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ တစ်ဆင့်မြှင့်ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်ရန် နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ း ၀၀ နာရီမှ ၁၁ း ၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရေးဖြေစာမေးပွဲသို့ ရန်ကုန်(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ရုံးခွဲများနှင့် ပြည်ပတွင် ရောက်ရှိနေသော ပညာတော်သင်များအနက် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ သည့် ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ စုစုပေါင်း ၁၅၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။
စာမေးပွဲဖြေဆိုသူ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Video Conferencing မှတစ်ဆင့် ကြည့်ရှုအားပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Covid-19 ရောဂါကာကွယ်ရေး စည်းကမ်း ချက်များ နှင့် အညီ စာမေးပွဲကို စနစ်တကျ ကြီးကြပ်ခဲ့ကြပါသည်။



